Saturday, September 21, 2013

Pandora Recovery ( မှားဖျက်မိတာတွေပြန်ယူမယ် )

ကျွန်တော်လည်း post မတင်ဖြစ်တာကြာပြီဗျ အခုတော့တစ်ခုရေးလိုက်ပါတယ် 
တစ်ခါတစ်ခါ ကျွန်တော်တို့ တွေဟာမလိုတော့ဘူးထင်ပြီး ဖိုင်တွေကိုဖျက်ပစ်တတ်ပါတယ် အဲမှာ ရိုးရိုး delete နဲ့ ဖျက်ရင်အမှိုက်ပုံးထဲမှာပြန်ရှာရင်ရနိုင်ပါသေးတယ် shift + del နဲ့ သာဖျက်မိရင်ဘယ်မှာမှရှာလို့ မရတော့ပါဘူး ဒါပေမယ့် ဒီဆော့ဖ်ဝဲလေးနဲ့ ပြန်ပြီးယူလို့ ရပါတယ် ကျွန်တော်လက်တွေ့ ပါ  ဖိုင်ကတစ်နေရာမှာရှိပြီးသားဆိုပြီး 32 GB လောက်ရှိတဲ့ဖိုင်ကို shift + del နဲ့ ချလိုက်တာ ပြီးမှလိုက်ရှာကြည့်လိုက်တော့ ဟိုနေရာမှာလည်းမရှိတော့ဘူး အဲဒါနဲ့  ဒီဆော့ဖ်ဝဲလေးနဲ့ ပြန်ယူလိုက်တာရသွားတယ် အဲကြောင့် install လုပ်တာတော့ပုံနဲ့ မပြတော့ဘူး...အသုံးပြုပုံလေးကိုပဲ...

ဒီပုံလေးကတော့စဖွင့်တဲ့အချိန်မြင်ရမယ့်ပုံပါ....

နောက်တစ်ဆင့်အနေနဲ့  ကိုယ်ဖျက်မိတဲ့ partation ကိုကလစ်နှိပ်လိုက်ရင် အခုလို scan လုပ်နေတာကိုတွေ့ ရမှာပါ ကျွန်တော့်စက်မှာတော့ အမဲလေးဝိုင်းပြထားတဲ့အပိုင်းကိုဖတ်လိုက်တာပါ..
ပုံမှာတွေ့ ရတဲ့အတိုင်းပဲ ဖျက်ထားတဲ့ဟာတွေဆိုအနီရောင်အမှားလေးတွေနဲ့ ပါ ကိုယ်ယူချင်တဲ့ဖိုင်ပေါ်ကို right click နှိပ်ပြီး Recover to ဆိုတာလေးကိုနှိပ်လိုက်ရင်
အခုလို သိမ်းဖို့  box တစ်ခုကျလာမှာပါ အဲမှာBrowse ကိုနှိပ်ပြီး ကိုယ်သိမ်းချင်တဲ့နေရာကိုလမ်းညွှန်ပေးလိုက်ပြီး Recover now ကိုနှိပ်လိုက်ရင် သူ့ ဟာသူ အလုပ်ဆက်လုပ်သွားမှာပါ တစ်ခုတော့ရှိတယ်ဗျ ဥပမာ ကိုယ်က Drive C: ထဲကဟာကိုလိုချင်ရင် ပြန်သိမ်းရင် C: မှာတော့ပြန်သိမ်းလို့ မရတော့ဘူး တစ်ခြား Drive D: ., E: , F: အဲလိုနေရာတွေမှာပဲသွားသိမ်းလို့ ရမယ်နော....အဆင်မပြေတာရှိရင် စာချန်ခဲ့နိုင်ပါတယ်ခင်ဗျာ....အခုအသုံးမ၀င်ပေမယ့်နောက်တော့အသုံးဝင်မှာပါ လိုချင်ရင်တော့အောက်ကလင့်မှာသွားယူနိုင်ပါတယ် 3.12 MB ပဲရှိပါတယ်..

http://www.mediafire.com/download/arfxmsdv981816p/PandoraRecovery2.1.1Setup.exe 

 

Sunday, July 28, 2013

Eagleget Downloader....

ကဲဗျာ ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါးလေးနဲ့  free လည်းသုံးလို့ ရတဲ့ download mananger လေးတစ်ခုကို ဖောက်သည်ချချင်ပါတယ်.... IDM ထက်မသာဘူးဆိုရင်တောင် သူ့ အောက်မှာတော့မရောက်ပါဘူး ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာကိုသိမှာပါ..... install လုပ်ရတာလည်းလွယ်ကူ သုံးရတာလည်း မခက်ဘူး....ဆော့ဖ်ဝဲ ဒါမှမဟုတ် တစ်ခုခုကိုဒေါင်းဖို့  download link ကိုရောက်ပြီဆိုတာနဲ့  ဒေါင်းလော့ဆိုတာလေးကိုနှိပ်လိုက်ရင် အောက်ကလိုပုံလေးတက်လာလိမ့်မယ် အဲမှာ ကိုယ်သိမ်းချင်တဲ့နေရာမှာသိမ်းပြီး download ဆိုတာလေးကိုနှိပ်လိုက်ရင်


ဒီအောက်ကပုံလေးလို အလုပ်လုပ်နေပါလိမ့်မယ်  ပုံအကြီးအတိုင်းအလုပ်တန်းမလုပ်ပါဘူး ပေါ်ကအပြာရောင်အသေးလေးကအလုပ်လုပ်နေတာပါ အဲဒါလေးကိုနှိပ်ကြည့်လိုက်ရင် ပုံအကြီးလို ထွက်လာပါလိမ့်မယ်....
ကဲဗျာ ကျွန်တော်တစ်ကယ်ကောင်းလို့  တစ်ခြားသူတွေလည်းသုံးစေချင်လို့  ဖောက်သည်ချတာပါ...


http://www.mediafire.com/download/mitvix9e8je0zi5/eagleget_downloader.rar ဒီနေရာလေးမှာသွားဆွဲနိုင်ပါတယ် ကျွန်တော်ပြန်တင်ပေးထားတာပါ ဒီနေရာကမဆွဲချင်ဘူးဆိုရင်လည်း သူ့ မူရင်း site ကိုသွားဆွဲနိုင်ဖို့  features တွေကိုလေ့လာနိုင်ဖို့  www.eagleget.com လေးပါညွှန်လိုက်ပါတယ်.....အဆင်ပြေစွာလေ့လာနိုင်ကြပါစေ....

Hacking tools part 1,2,3,4,5 ( CEH )

ကျွန်တော် တင်မယ်တင်မယ်နဲ့  အခုကြားထဲနေမကောင်းဖြစ်သွားတာနဲ့ မတင်ဖြစ်ပါဘူး ဒီtools တွေကိုတော့ဟက်ကင်းလေ့လာတဲ့ညီအကိုတွေဆွဲပြီးစမ်းကြည့်လို့ ရပါတယ် တစ်ခုတော့ပြောချင်ပါတယ် tool တော်တော်များများက ဗိုင်းရပ်ပါတယ်လို့ တော့ကြားဘူးပါတယ် ဒီtools တွေကကျွန်တော်ကိုယ်တိုင်စမ်းပြီးသားတွေလည်းမဟုတ်ပါဘူး ကျွန်တော်လည်း CEH ခွေတစ်ခွေဝယ်မိလို့  အဲထဲမှာပါတဲ့ဟာတွေတင်ပေးလိုက်တာပါ သူမူရင်းကတော့ 600 MB ကျော်ကျော်လေးရယ်ပါ ကျွန်တော်ဟိုခွဲဒီခွဲလုပ်လိုက်တာ သူချုံ့ ထားတာပြန်ပြန့် သွားပါတယ် အဲဒါကြောင့်အကုန်လုံး 1 GB ကျော်သွားပါတယ် ကျွန်တော် အပိုင်း ၅ ပိုင်းတင်ပေးထားပါတယ် လေ့လာချင်သပါ့ဆိုရင်ဆွဲပြီးစမ်းကြည့်နိုင်ပါတယ် tools တွေတော်တော်များလွန်းလို့  ကျွန်တော်လည်းဘာတွေမှန်းတောင်မသိပါဘူးဆော့ဖ်ဝဲတွေရဲ့နောက်မှာ ဗိုင်းရပ်တွေထည့်ကြပါတယ် မသမာသူတွေပေါ့ဗျာ ဒါပေမယ့် ကျွန်တော့်ဘက်ကတော့အာမခံပါတယ် ကျွန်တော်သူ့ အခွေထဲမှာပါတဲ့အတိုင်းပြန်တင်ပေးခြင်းဖြစ်ပါသည် သိပြီးသား tool တွေပါသလို မသိသေးတဲ့ tools တွေပါပါတယ် စမ်းကြည့်လိုက်ကြပါ...

Part 1
Part 2
Part 3
Part 4
Part 5

အဆင်ပြေကြပါစေဗျာ.....

Tuesday, July 16, 2013

PrivaZer PC cleaner (free)

ကဲဗျာ CCleaner သုံးရတာရိုးသွားတဲ့သူတွေအတွက် cleaner ဆော့ဖ်ဝဲလေးတစ်ခုတင်ပေးလိုက်ပါတယ် သုံးရတာမဆိုးဘူးဗျ....အခမဲ့အသုံးပြုလို့ ရတဲ့ tool တစ်ခုပဲဗျ  သူကရှင်းလင်းရေးတင်တာဝန်ယူတာမဟုတ်ဘူးနော် ကွန်ပျူတာကို တစ်ခြားသူရဲ့စောင့်ကြည့်ခြင်းကနေလည်းကာကွယ်ပေးသေးတယ် ကွန်ပျူတာအတွက် security တစ်ယောက်ခန့် ထားတာနဲ့ အလားသဏ္ဍန်ပေါ့ဗျာ....
ကဲ ပုံလေးတွေကိုကြည့်လိုက်အုံးနော် ကျွန်တော်ပြောတာမပြည့်စုံဘူး လုပ်လို့ ရတာတွေများတယ်....




http://www.mediafire.com/download/yzrvld2gbqrga33/privazer_free.rar  ဒီကနေဆွဲချင်ဆွဲ ဒါမှမဟုတ် ဗိုင်းရပ်တွေပါမှာဆိုးလို့ ရှိရင်လည်း သူ့ ရဲ့ မူရင်း website ကနေသွားပြီဆွဲချင်လည်းရပါတယ်...ကြိုက်တဲ့နေရာကဆွဲပေါ့.....http://privazer.com/ 

Android Commander 0.7.9.11 (PC Suite)

ဒီတစ်ခါတော့ PC suite လေးတစ်ခုတင်ပေးလိုက်ပါတယ် ဒီကောင်လေးက ဖိုင်အရွယ်စားသေးငယ်သလောက်လုပ်ဆောင်နိုင်တာတွေကတော့ အံ့မခန်းပါပဲ ဖိုင်အရွယ်အစားကလည်း 1.4 MB လောက်ပဲရှိပါတယ်...


ပုံထဲမှာတော့ ကျွန်တော်ကဖုန်းတပ်မထားတော့ ဖုန်းထဲကဖိုင်တွေမပေါ်ဘူးဗျ windows files ဆိုတာကတော့ ကျွန်တော့်ကွန်ပျူတာထဲမှာရှိတဲ့ apk တွေပေါ့ဗျာ ဖုန်းထဲကဖိုင်တွေကို သူနဲ့ ဘေးချင်းယှဉ်ပြီးပြပေးတယ်....
ကြာပါတယ်ဗျာ ဆွဲလိုက်နော် ထူးခြားတာလေးတွေပါတယ်နော် ကြည့်လိုက် သူများနဲ့ တော့မတူဘူးပေါ့ဗျာ....http://www.mediafire.com/download/na0mavhsc037qd2/AC07911_setup.rar   အဆင်ပြေကြပါစေဗျာ လိုအပ်တာတွေရှိရင်လည်းကွန်မန့် လေးပေးပြီး ဆွေးနွေးပေးပါ ကျွန်တော်လည်းတတ်နေလို့ ရယ်မဟုတ်ပါဘူး ....

သူ့ ရဲ့ features တွေကိုအကုန်သိချင်ရင်တော့ သူ့ ရဲ့ http://androidcommander.com/ နေရာလေးမှာသွားလေ့လာနိုင်ပါတယ်....

Saturday, July 13, 2013

Android apk များစုစည်းမှု....

ဒီတစ်ခါတော့ ညီလေးတစ်ယောက်ဖြစ်တဲ့ တိုက်ကြီးသား စုထားတဲ့ android apk လေးတွေကိုတင်ပေးလိုက်ပါတယ် အမှန်အတိုင်းဆိုရင်တော့ ကျွန်တော် upload တင်ပေးထားတာလည်းမဟုတ်ပါဘူး သူတင်ပြီးသားကို ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်...apk တွေကို google မှာရှာရင်ရနိုင်ပါတယ် ဒါပေမယ့်ဒီနေရာလေးမှာတစ်နေရာတည်းစုပေးထားတာမို့ အလုပ်ရှုပ်စရာမလိုဘူးပေါ့ဗျာ...


ကဲဗျာဒီနေရာလေးမှာသွားဆွဲလိုက်နော်..လိုချင်တယ်ဆိုရင်ပေါ့....http://www.mediafire.com/folder/7mz4el8i7zz4d/Android

Saturday, June 29, 2013

No Root Huawei 4.1 Myanmar Font New S4 Themes

Huawei  4.1 တွေ Root မလိုပဲမြန်မာစာ သွင်းလို့ရပါတယ်..

Themes ကနေ သွင်းတာပေါ့နော်..

ဒါကတော့ S4 နဲ့ icon တွေတူအောင်လုပ်ထားတဲ့ S4 Themes ပါ။

ဒီ Themes ကို Internal Storage ထဲက HW Themes ထဲကို ထည့်လိုက်ပါ.

ပြီးရင် Themes ဆိုတဲ့ App ထဲကို ၀င်ပြီး S4 Themes MMSD ဆိုတာကိုရွေးပေးလိုက်ပါ။

Themes with Font ကို ရွေးပေးလိုက်ပါ။

Reset ကျပြီးပြန်တက်လာရင် မြန်မာလိုရပါပြီ။

Themes လေးကိုကြည့်လိုက်ပါ။


 Themes လေးတွေတော့ပြောင်းသွားတယ်ဗျာ.....Themes လည်းတစ်ခါတည်းပြောင်းပြီး font လည်းသုံးလို့ ရ ဘယ်လောက်ကောင်းလိုက်သလဲဟဲဟဲ ဒီ Themes လေးက MMSD က ကိုဖိုးချမ်းရဲ့လက်ရာလေးထင်ပါ့ ကဲဗျာ http://www.mediafire.com/download/77jd4t0np807i0d/S4+Themes+By+MMSD.rar ကဲဗျာ ဒီနေရာလေးကဆွဲလိုက်နော် ကျွန်တော် mediafire ကနေပြန်တင်ပေးထားပါတယ် ကျွန်တော်ကိုယ်တိုင်လည်းစမ်းပြီးပါပြီ

Credit - MMSD