ဒီဆော့ဖ်ဝဲလ်လေးကိုတော့ လူတိုင်းသိမယ်ထင်ပါတယ် သူကလုပ်လို့ ရတာတွေအများကြီးပဲ ကျွန်တော်လည်းအကုန်တော့မသိဘူး windows password reset ချတာတို့ လောက်ပဲသိတယ်...တစ်ခြားလုပ်လို့ ရတာတွေအများကြီးပါ ဒါကြောင့် http://www.hirensbootcd.org/download/ ဒီမှာသွားပြီးဒေါင်းလော့ချနိုင်ပါတယ်...အပြင်မှာအခွေဝယ်ရင်လည်းရပါတယ် ဒါပေမယ့်အခွေဝယ်လို့ အဆင်မပြေတဲ့သူငယ်ချင်းတွေအတွက်ပါ...ဒေါင်းလို့ ရတဲ့ iso ဖိုင်ကို အခွေဘမ်းထားလိုက်ပေါ့ ဒါမှမဟုတ် USB stick နဲ့ သုံးချင်တဲ့လူတွေအတွက် ကျွန်တော် software လေးပါတင်ပေးလိုက်ပါတယ် အဲဆော့ဖ်ဝဲလေးကိုအသုံးပြုပြီး memory stick ထဲကိုထည့်ရမှာပါ..ဆော့ဖ်ဝဲလေးကိုတော့ http://www.mediafire.com/download/aca325nfjvf6q34/rufus_v1.3.2.exe ဒီနေရာလေးကယူလိုက်နော်......
Device ဆိုတဲ့နေရာမှာတော့ အသုံးပြုမယ့် stick ကိုရွေးပေးလိုက်ပေါ့ ကျန်တာတော့သူ့ ဘာသာသတ်မှတ်ပေးပြီးသားပါ Quick format ကိုအမှတ်ခြစ်ထားတဲ့အတွက် iso file ကိုရွေးပြီးပြီဆိုတာနဲ့  start ကိုနှိပ်လိုက်ရင် stick ကိုလည်း format လည်းရိုက် iso လည်းတစ်ခါတည်းကူထည့်တာပါ...အဲဒါကြောင့် stick ထဲမှာရှိတဲ့ဒေတာတွေမရှိနိုင်ပါဘူး အသုံးပြုမယ့် stick ထဲမှာဒေတာတွေရှိရင်လည်းတစ်ခြားနေရာမှာသိမ်းထားလိုက်ပေါ့...
မေ့နေတာ ကျွန်တော် Hiren's bootcd ကိုဒေါင်းဖို့ သွားတော့ ဘယ်နေရာကဒေါင်းရမှန်းမသိလို့  မျက်စိလည်နေတာ အဲကြောင့် ကျွန်တော့လိုမဖြစ်ရအောင် ပုံလေးပါတစ်ခါတည်းထည့်ပေးလိုက်ပါတယ်
ကျွန်တော်ပေးထားတဲ့လင့်ကိုနှိပ်လိုက်လို့ ရောက်သွားရင် အောက်ဘက်ကိုဆင်းသွားလိုက်ပါ ဒီလိုနေရာလေးတွေ့ ရင် ကျွန်တော်အမဲဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်လိုက်ရင်ဒေါင်းလို့ ရပါပြီ...မြန်မာနိုင်ငံကIP ဆိုရင် download speed ကနည်းတယ် ကျွန်တော်ဒီနေ့  Hotspotshield သုံးပြီးဒေါင်းကြည့်တော့ download speed ကတော်တော်မြန်တယ်...ဒါကြောင့် ပုံမှန်အတိုင်းဆွဲလို့ မရရင် proxy နဲ့ ဆွဲကြည့်ပါ ...အဆင်ပြေကြပါစေ အဆင်မပြေတာရှိရင် comment ပေးခဲ့ပါ...
No comments:
Post a Comment